လက်နက်ကိုင်တော်လှန်ရေးအဖွဲ့သစ်တွေ ပွဲဦးထွက်အောင်ပွဲခံ

မေလ ၂၇ရက်၊ ၂၀၀၉ (၀ိမုတ္တိ)

ဓနု အမျိုးသားကောင်စီရဲ့  စီမံမှုနဲ့ ဖွဲ့စည်းထားသော ပူးပေါင်းအဖွဲ့ဟာ ယနေ့  နံနက် (၄း၃၀) နာရီခန့်က မိုင်းဆတ်မြို့ နယ်အတွင်း ဖြတ်သန်း သွားလာခဲ့တဲ့ နအဖ (တြိဂံဒေသတိုင်း စစ်ဌာနချုပ် ) မှ စစ်ယာဉ်တန်း ၃ စီးအား တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသည့် နအဖဘက်မှ အားလုံးသေဆုံးပြီး လက်နက်များအား သိမ်းဆည်း ရမိကြောင်း သိရပါတယ်။ ယမန်နေ့ ကလည်း သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း တပ်ဖွဲ့မှ နအဖထံ သစ္စာဖောက်ခဲ့သည့် ဗိုလ်မှူးကြီးမိုင်းဇင့်နှင့် နအဖ စစ်ထောက်လှမ်းရေး နှစ်ယောက်ပါ ယာဉ်တန်းအား တိုက်ခိုက် ချေမှုန်းခဲ့ပါတယ်။ ထို့ အတူ မကြာခင်သေးကလည်း ကရင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတစ်ဖြစ်တဲ့ KNLA ကလည်း နအဖ ဒု-ဗိုလ်မှူးချူပ် ကောင်း မြတ်ကို ချေမှုန်း သုတ်သင်ခဲ့ပါတယ်။

ယနေ့ မနက်က - တော်လှန်ရေးအင်အားစုဖြစ်တဲ့ ဓနု အမျိုးသားကောင်စီ ကနေ နအဖကို ချေမှုန်း သုတ်သင်ရာမှာ နအဖ လက်ပါးစေ စစ်တပ်မှ ဗိုလ်မှူးမင်းဇော် (ထောက်ပို့တပ် - တပ်ခွဲမှူး)၊ ဗိုလ်အဆင့် နှစ်ဦး၊ စရဖ သုံးဦးနဲ့  အခြား အောက်ခြေ အဆင့်များ ကျဆုံးသွားကြောင်း သိရှိရပါတယ်။ အဆိုပါ နအဖ ဘက်တော်သားတွေဟာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ကနေ မိုင်းဆတ်ဒေသကို ကာကွယ်ရေး ပစ္စည်းတွေ သွားပို့တဲ့ မော်တော်ယာဉ်တန်း ဖြစ်ကြောင်း သိရှိရပါတယ်။

နအဖအား တိုက်ခိုက်ချေမှုန်းခဲ့တဲ့ ဓနုအမျိုးသားကောင်စီရဲ့  စီမံမှုနဲ့ အတူ ပါဝင်ခဲ့တဲ့ အင်အားစုတွေ ကတော့ မြန်မာ့မျိုးချစ် တပ်မတော် (Myanma Patriot Army)၊ ဓနုပြည်သူ့စစ် (Danu Public Army)၊ အခါ လွတ်မြောက်ရေး တပ်မတော် (Akha Liberty Army)၊ အခါ ပြည်သူ့စစ် (Akha Public Army)၊ မိုင်းသာ ပြည်သူ့စစ် (Maingtha Public Army)၊ လားဟူ ပြည်သူ့စစ် (Lahu Public Army)၊ ပအိုဝ်း ပြည်သူ့စစ် (Pa-oh Public Army)၊ မောရှမ်းပြည်သူ့စစ် (Maw Shan Public Army) နဲ့  ခန္တီးပြည်သူ့စစ် (Khamti Public Army) တို့  ဖြစ်ကြပါတယ်။

Comments :

0 comments to “လက်နက်ကိုင်တော်လှန်ရေးအဖွဲ့သစ်တွေ ပွဲဦးထွက်အောင်ပွဲခံ”

Post a Comment

လာလည်သူအပေါင်း အား ကျေးဇူးတင်ပါတယ်