အဝေးရောက်လမင်း

13 June 2009


လမင်းကြီးရယ် ဘယ်လိုသာ
တွေ့ချင်လှပြီကွာ။
သာနိုင်ပေမဲ့ လမင်းရယ်
ကြည့်မအားဘူးကွယ်။
ပြည်ကြီးကို စွန့်ကာရယ်
အလုပ်လုပ်နေတယ်။
အလုပ်ပြန်ကာ အိပ်လို့ပျော်
ကြည့်မအားဘူးနော်။

ငါတို့ပြည်ကြီး မီးမမှန်သေး
ငါတို့မှာလည်း အလုပ်မရှိသေး
လမင်းကြီးကိုထိုင်ကာငေး
လွမ်းလှပြီပေါ့လေး။

* ကဗျာတစ်ပုဒ်ဟာ ငါ့အတွက်ကမ္ဘာတစ်ခုပါ။
* ကဗျာတစ်ပုဒ်ရဲ့ မနက်ဖြန်ဟာ ငါ့အတွက် အသစ်တဖန်
* ကဗျာတစ်ပုဒ်ရဲ့ အပြုအမူဟာ ငါ့အတွက် အတုယူစရာ
* ကဗျာတစ်ပုဒ်ရဲ့ အစွမ်းဟာ ငါ့ကို လွမ်း စေခဲ့တယ်။
* ကဗျာတစ်ပုဒ်ရဲ့ စိတ်ကူးဟာ ငါ့အတွက် အရိပ် တစ်ခုပမာပါ။

Post by: ငြိမ်းချမ်း

Comments :

0 comments to “အဝေးရောက်လမင်း”

Post a Comment

လာလည်သူအပေါင်း အား ကျေးဇူးတင်ပါတယ်