ကမ္ဘာကျော်သိုင်းပညာ

August /25 /09

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးသည် ကမ္ဘာကျော် ခဲ့သည်။
မြန်မာဘုန်းတော်ကြီးများနှင့်မြန်မာပြည်သူပြည်သားများ၏
သိုင်းပညာတက်ကျွမ်းမှုကြောင့် ကမ္ဘာကျော်ခဲ့ခြင်းဖြစ်သည်။
မြန်မာဘုန်းတော်ကြီးများဦးဆောင်ကာ ပြည်သူများသည်
သိုင်းပညာ (၃) မျိုးကိုတက်ကျွမ်းမှုကြောင့် ကမ္ဘာကျော်ခဲ့သည်။
(၁) လေသိုင်း
မြန်မာဘုန်းတော်ကြီးများဦးဆောင်ကာ ပြည်သူများသည်
မေတ္တာပို့ဆုတောင်းခဲ့ကြသည်။
(၂) လက်သိုင်း
မေတ္တာပို့ဆုတောင်းသည်ကို လက်မခံဘဲ
အကြမ်းဖက်မှုကြောင့် ရှိခိုးတောင်းပန်လေ၏။
(၃) ခြေသိုင်း
ရှိခိုးတောင်းပန်သည်ကို လက်မခံဘဲ
ပစ်ခတ်မှုကြောင့် ပြေးလွှားကြလေ၏။
မြန်မာဘုန်းတော်ကြီးများနှင့် မြန်မာပြည်သူပြည်သားများ၏ သိုင်းပညာတက်ကျွမ်းမှုသည်
ယနေ့ဂျူဒိုပညာနှင့်အပြိုင် ခေတ်စားလာခဲ့သည်။
post by : ငြိမ်းချမ်း

Comments :

0 comments to “ကမ္ဘာကျော်သိုင်းပညာ”

Post a Comment

လာလည်သူအပေါင်း အား ကျေးဇူးတင်ပါတယ်