မေတ္တာစပ်မှဆွေမျိုး ချစ်သဒ္ဓါဟပ်မှ အသရေတိုး

August /26/09

သွေးစပ်တိုင်းဆွေမျိုး မဖြစ်ပါဘူး
မေတ္တာစပ်မှဆွေမျိုးဖြစ်ပါတယ်။
သွေးစပ်စပ် မစပ်စပ်
မေတ္တာစပ်ရင် ဆွေမျိုးပါ။
သွေးစပ်စပ် မစပ်စပ်
မေတ္တာ မစပ်ရင်
သူစိမ်း (တစိမ်း)ပါ။
သွေးစပ်ဆွေမျိုးရှိရုံနဲ့
ကိုယ့်ဘဝ
ဘာမှအကျိုးမထူးနိုင်ပါဘူး။
မေတ္တာစပ်ဆွေမျိုး ရှိမှ
ကိုယ့်ဘဝအကျိုး ထူးနိုင်တာပါ။
သွေးသားစပ်ပြီး
မေတ္တာမစပ်တဲ့ဆွေမျိုးကို
တန်ဖိုးထားနေစရာမလိုပါဘူး။
သွေးမစပ်ပေမယ့်
မေတ္တာစပ်တဲ့ ဆွေမျိုးကိုတော့
အမြတ်တနိုး တန်ဖိုးထားရပါမယ်။
မေတ္တာစပ်တဲ့ ဆွေမျိုးသည်သာ
အကောင်းဆုံး ၊ အမြတ်ဆုံးဆွေမျိုး
အနှိုင်းမဲ့ဆွေမျိုး ဖြစ်ပါတယ်။
အရှင်ဆန္ဒာဓိက

Comments :

1
Anonymous said...
on 

Hi is this "မေတ္တာစပ်မှဆွေမျိုး ချစ်သဒ္ဓါဟပ်မှ အသရေတိုး" from အရှင်ဆန္ဒာဓိက's book? which book
sincerely,
thawdar

Post a Comment

လာလည်သူအပေါင်း အား ကျေးဇူးတင်ပါတယ်